ပုသိမ်မြို့ ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တင်ပို့ရန် ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်း၌ MV MCL-7 သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရန်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်္ဘောဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရေကြောင်း အန္တရာယ်ကင်းရှင်းစွာဖြင့် မောင်းနှင်ရန်နှင့် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရတင်ပို့သည့် ဆန်များအား အရေအသွေးကောင်းမွန်စေရေးနှင့် အရေအတွက်ပြည့်မီစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ MV MCL-7 သင်္ဘောသည် ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုလ ၄ ရက်နေ့တွင် ဆန်တန်ချိန် ၂၆၅၀ အိတ်ပေါင်း ၅၃၀၀၀ အားတင်ဆောင်၍ စတင်ထွက်ခွာမည်ဖြစ်ပါသည်။

02-Oct-2022