ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲအားတက်ရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စုကျေးရွာ မုန်းသီတာကုမ္ပဏီလီမိတက်၏ ကန်ထရိုက်လယ်ယာဧက (၆၀၁)ဧက၌ ဆာဖိုးသာ-၁ စပါးမျိုးသစ် စမ်းသပ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအား ယနေ့နက်ပိုင်းက ပြူလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စပါးစိုက်ပျိုးရာတွင် ယူရီးယားဓာတ်မြေဩဇာ လျှော့ချသုံးစွဲရေး၊ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ထည့်သွင်းသုံးစွဲရေး၊ မျိုးသန့်စပါးများ ပိုမိုစိုက်ပျိုးနိုင်ရေးတို့အားမှာကြားသည်။ယင်းနောက် မိုးစပါးစံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးရာ တစ်ဧကစပါး အထွက်နှုန်းမှာ အ‌‌ခြောက်(၁၄၈.၂၆)တင်းထွက်ရှိခဲ့သည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လမ်းဦးစီးဌာန၊လမ်းအထူးအဖွဲ့(၂၁)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသည့် ကြိမ်ပင်ဆယ်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်း ၁မိုင်၂ဖာလုံ ၃၃၀ပေ ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်‌ရေးတို့ကို မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာရှိ တောင်သူဦးဝင်းမြင့်ဦး၏  ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်း စိုက်ပျိုးထားသည့် လယ်ဧက(၁၂)ဧက၌ ဆင်းသုခမျိုး မိုးစပါးစံကွက်ရိတ်သိမ်းသိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ  တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်(၁၀၇)တင်းထွက်ရှိခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍  တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် အချိန်ပိုသင်ကြားပို့ချပေးလျှက်ရှိသည့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များနှင့်စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်ဟင်္သာတမြို့နယ်၊ တောင်ဂလုံကျေးရွာ၊ ဇလွန်-ပျဉ်းမကုန်း-ရှမ်းစုကားလမ်းဘေး ဝဲယာရှိ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးထားသော ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ခင်းအား ကြည့်ရှုခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဆီဆံကုန်းကျေးရွာရှိ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်း စိုက်ပျိုးထားသည့် ဧက(၁၀၀)စံပြကွက် တောင်သူဦးနိုင်ဝင်းဆွေ၏  လယ်ဧက(၅ )ဧက၌ ဆင်းသုခမျိုး မိုးစပါးစံကွက်ရိတ်သိမ်းသိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ  တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်( ၁၀၇)တင်းထွက်ရှိခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာ အမှတ်(၁၊၂၊၃၊၄)ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် ဆီဆုံကုန်း-ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်းပေါ်ရှိ ကြို့ကုန်း ကွန်ကရစ်တံတား တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီရေး၊သတ်မှတ် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းမျာ ပြီးစီးစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေးထားဆောင်ရွက်‌ရေးတို့ကို မှာကြား ခဲ့ကြောင်း သိရသည်။

30-Oct-2022