ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို အချိန်ပိုသင်ကြားပို့ချပေးနေမှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ မွန်းလွဲ ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို အချိန်ပိုသင်ကြားပို့ချပေးလျက်ရှိသည့် ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးခဲ့ပါသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍  တက္ကသိုလ် ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် အချိန်ပိုသင်ကြားပို့ချပေးလျှက်ရှိသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ပါသည်။

27-Oct-2022