ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို အချိန်ပိုသင်ကြားပို့ချပေးမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကိုအချိန်ပိုသင်ကြားပို့ချပေးလျက်ရှိသည့် ကျုံပျော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။

ရှေးဦးစွာ ကျောင်းကုန်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

အလားတူ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ရေကြည်မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ကျောင်းအုပ်ကြီးများတွေ့ဆုံခဲ့ကာ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများတိုးတက်ကောင်းမွန်လာစေရေးလေ့လာဆွေးနွေးနိုင်တဲ့အတွက် များစွာအကျိုးရှိပါကြောင်း၊ မိမိတို့ကျောင်းများတွင်ဆွေးနွေးပွဲမှရရှိသည့် ရလဒ်များ၊ မူဝါဒများနှင့်ကိုက်ညီအောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက်
လိုအပ်သည်များဖြည်းဆည်းဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအုပ်ကြီးများအနဖြင့် မိမိတို့ကျောင်း၏ လိုအပ်ချက်များကိုလည်း တစ်ပါတည်းတင်ပြပေးစေလိုကြောင်းနှင့် တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားစေရေး အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ဆက်လက်၍ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ငါးသိုင်းချောင်းမြို့ရှိ ဝင်းဧရာဝါးတူစက်ရုံနှင့်  Aung Family သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုး လက်မှုပစ္စည်းအရောင်းဆိုင်နှင့် ရေကြည်မြို့ရှိ ဒေါ်အေးနံ့သာ ကြိမ်အချောထည်လုပ်ငန်းများသို့သွားရောက်၍ ဝါးတူထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချနေမှု၊ သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုးတို့ဖြင့်ပြုလုပ်သည့် ဖိနပ်၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ခမောက်၊ ဦးထုတ်၊ခြင်း၊ တစ်ရှုးဘောက်၊ အလှပန်းအိုးထုတ်လုပ်ရောင်းချမှုအခြေအနေများ၊ ကြိမ်ဖြင့် အပူခံပြား၊ တစ်ရှူးဘောက်၊ခြင်း၊ထိုင်ခုံ၊ ပန်းအိုးများပြည်တွင်းပြည်ပဈေးကွက်များသို့ ထုတ်လုပ်ရောင်းချနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းများအသုံးပြုမှု၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိမှုအခြေအနေများကိုမေးမြန်းခဲ့ပြီး လုပ်ငန်းမျတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ လက်မှုပစ္စည်းများ ဆန်းသစ်တီထွင်ဆောင်ရွက်စေရေးမှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ရှိ ကံကလေး(ပုသိမ်-မုံရွာ)လမ်း မိုင် ၁၉/၅၂၊ ဟင်္သာတ-နိဗ္ဗာန် သောင်ကြီး ကျုံပျော် ရေကြည် လမ်းမိုင် ၁၄/၀ ဆုံသည့်နေရာ Junction အား လမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

23-Oct-2022