ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 အလုပ်ရုံဆွေးနွေးပွဲများ၊ ဆင့်ပွားသင်တန်းများပို့ချနိုင်ခြင်းသည် အကျိုးသက်ရောက်မှုများပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြရမည့် စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှု၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံကိန်းရေးဆွဲရေးဆိုင်ရာများအား လက်တွေ့ကျကျဆွေးနွေး၍ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေး၊ လက်တွေ့အသုံးချနိုင်ရေးဆွေးနွေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးအောင်ချက်မြင့်မားရေးအတွက် ပညာနှစ်အစမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်စေရေး ဆရာ၊ဆရာမများ၏ အဓိကတာဝန်များဖြစ်ပါကြောင်း၊ ပြင်ပဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအဘက်ဘက်မှ ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ၊ဆရာကြီးဆရာမကြီးများအနေဖြင့် တိုင်းဒေသကြီးပညာရေးကဏ္ဍတိုးတက်မြင့်မားစေရေး၊ အသိပညာအတတ်ပညာနှင့်ပြည့်စုံတဲ့ အနာဂတ်ခေါင်းဆောင် လူငယ်လူရွယ်များမွေးထုတ်ပေးနိုင်ရေးကြိုးစားကြရန်ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးမှ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမ(၂၉၄)ဦးတို့တက်ရောက်ဆွေးနွေးကြရမှာဖြစ်ကာ အောက်တိုဘာ ၂၂ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပြင်ပဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို အချိန်ပိုသင်ကြားပို့ချပေးလျက်ရှိသည့် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ကာ ကျောင်းသားကျောင်းသူများနှင့်တွေဆုံ၍ အားပေး စကားများပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများထောက်ပံ့ပေးခဲ့ပါသည်။

ထို့နောက် ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲတက်ရောက်နေသည့် ကန်ကြီးထောင့်မြို့နယ်ရှိ မူလတန်းကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ စနစ်တကျသင်ကြားစေရေး၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေးနှင့် အောင်ချက်မြင့်မားစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ပြင်ပစာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ယခုလ ၁၅ ရက်နေ့မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် အချိန်ပိုသင်ကြားပို့ချလျက်ရှိရာ  ကျောင်းပေါင်း (၁၂၃)ကျောင်းတွင် ပြင်ပဖြေကျောင်းသားကျောင်းသူ (၃၂၃၃)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသတင်းရရှိသည်။

22-Oct-2022