ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ငန်းများကွင်းဆင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ ၂၁ ရက် နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ဦးစွာ မအူပင်မြို့နယ်၊ ခတ္ထိယကျေးရွာရှိ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်ခဲ့ပြီး ရှင်းလင်းဆောင်တွင် ကုမ္ပဏီမန်နေဂျာမှ အအေးခန်းစက်ရုံ၊ နို့စားနွားမွေးမြူမှု၊ နွားနို့၊ ဒိန်ချဉ်ထုတ်လုပ်မှု၊ သဘာဝမြသြဇာထုတ်မှု၊ ပိုးရည်ထုတ်လုပ်မှု၊ ငါးတန်၊ ငါးခြောက်နှင့် ငံပြာရည်ထုတ်လုပ်မှုနှင့် ငါးချဉ်၊ငါးခြစ်ထုတ်လုပ်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး အအေးခန်းစက်ရုံထုတ်ကုန်များ၊ Lactobacillusပိုးမွေးမြူ၍ အကျိုးပြု (Probiotic)ပိုးရည်ထုတ်လုပ်မှု၊ နို့စားနွားမွေးမြူထားရှိမှုနှင့် နွားနို့ထုတ်လုပ်မှု၊ ငါးမြစ်ချင်း၊ ငါးတန်မွေးမြူထားရှိမှုနှင့် နေဗီယာမြက်စိုက်ပျိုးထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထုတ်ကုန်များပိုမိုထုတ်လုပ်၍ ပြည်တွင်းပြည်ပစျေးကွက်များသို့ ပို့ဆောင်နိုင်ရေး၊ ထုတ်ပိုးမှုစနစ်များသေသပ်စေရေးမှာကြားခဲ့ပါသည်။

အဆိုပါ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီတွင် ငါးမွေးမြူရေးအားငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွများမွေးမြူထားရှိပြီး တစ်လလျှင် ပိဿာချိန် ၂ သိန်းခန့်စျေးကွက်သို့တင်ပို့ရောင်းချလျှက်ရှိပြီး နွားခြံတွင် နွားထီး ၁၁၅ကောင်၊ နွားမ ၃၇၉ကောင်၊ နွားပေါက် ၁၄၄ဖြင့်ကောင်စုစုပေါင်း ၆၃၈ကောင်မွေးမြူထားရှိပြီး နို့ပေးနွားမများမှ နေ့စဉ် နွားနို့ပိဿာချိန် ၇၅၀ခန့်ထွက်ရှိ၍ ထိန်ချဉ်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းနှင့် နေဗီယာမြက် ဧက၇၀ ခန့် စိုက်ပျိုးထားရှိပြီး ပျိုးပင်များရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။

ဆက်လက်၍ မလက်တိုကျေးရွာအုပ်စု၊ တမလိုကျေးရွာရှိ ORCHARD စိုက်ပျိုးမွေးမြူရေး စီမံကိန်းသို့ရောက်ရှိခဲ့ပြီး မွေးမြူရေးကန်များအတွင်း နှစ်ချို့ ငါးကြင်း၊ ငါးခေါင်းပွ၊ မြတ်စားငါးကြင်း၊  ငါးကြင်းဖြူငါးများမွေးမြူထားရှိမှု ဝါးစိုက်ပျိုးထားရှိမှုနှင့်ဈေးကွက်ရရှိမှု၊ငါးအမိုင်နို အခြေခံသဘာဝအားဆေး အသုံးပြု၍ သီးပင်စားပင်များ စိုက်ပျိုးဖြစ်ထွန်းမှု၊ ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းများ ကုန်ချောထုတ်လုပ်ထားရှိမှု၊ EMနှင့် ဖွဲနုအသုံးပြု၍ငါးအစာ (မြက်ချဉ်ဖက်နှင့် မြက်ပဲပင်ပေါက်) ပြုလုပ်ထားရှိမှုနှင့် ဝါးမှတစ်ဆင့် ဝါးတူထုတ်လုပ်ပုံအဆင့်ဆင့်အား Orchard co.ltd မှ Dr မြင့်စိန်က ရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လုပ်ငန်းများပိုမိုတိုးတက်အောင်မြင်စေရေးဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ 

ထို့နောက် ရွှေနဂါးမင်း Manufacturing Co.Ltd သို့သွားရောက်ခဲ့ရာ ကုမ္ပဏီမန်နေဂျာမှ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ၂၀၂၃မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧက ၁ သိန်းအား ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ထုတ်လုပ်နိုင်ရေး စိုက်ပျိုးထားရှိသည့် လမ်းဘေးဝဲယာပိုက်ဆံလျှော်စိုက်ခင်းများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားချက်ပြည့်မီစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

ထို့နောက် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက်ရှိ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးထားရှိသည့် ဦးကျော်ဇောလင်း၏ ဆင်းသုခ စပါး စံကွက်ရိတ်သိမ်းပွဲတက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေ‌ လှေ့စက်ဖြင့် ရိတ်သိမ်း‌ေခြွလှေ့ခဲ့ရာ တစ်ဧကလျှင် အသားတင်စပါးတင်း၁၄၀ ထွက်ရှိမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) သဘာဝမြေသြဇာအား ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးတောင်သူများထံအသိပညာပေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ရန်မှာကြားခဲ့ကာ ဆားမလောက်‌ေကျးရွာအုပ်စုနည်းပညာပြန့်ပွားရေးစင်တာတွင် ညောင်တုန်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၅)စု၏နေကြာ စိုက်ဧက ၁၉၂၀ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး‌နောက် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆီထွက်သီးနှံ(နေကြာ) ဖြစ်ထွန်းအေဘာင်မြင်စေရေးကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးဧက ၃၇သိန်းကျော်စိုက်ပျိုးထားရှိပြီး ယနေ့အထိဧက (၂) သိန်းကျော်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းသိရှိရပါသည်။

21-Oct-2022