ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမီးလောင်မှုဖြစ်ပွားခဲ့မှုများနှင့် သန့်ရှင်းရေးလုပ်ငန်းများ၊ ယာယီစာသင်ခန်းများဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယခုလ (၁၆)ရက်နေ့ နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ညနေပိုင်းတွင်သွားရောက်အားပေးကြည့်ရှု ခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့သည့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယာယီစာသင်ခန်းများပြင်ဆင်ထားရှိသည့် မြို့တော်ခန်းမ၊ အားကစားခန်းမများသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ စာရေးကိရိယာများ၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားတွေ့ဆုံမှာကြားခဲ့ပါသည်။ ယာယီစာသင်ဆောင်များပြင်ဆင်ပြီးစီးပြီဖြစ်၍  ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရှိရပါသည်။

19-Oct-2022