တိုင်းဒေသသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လပွတ္တာမြို့နယ်နှင့် မြောင်းမြမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လပွတ္တာထိပ်စွန်းလမ်းမကြီးနှင့် သရက်ကုန်းကျေးရွာသို့ဆက်သွယ်သောလမ်း (၀/၄.၅၅မိုင်×၁၄ပေ×၆ လက်မ) ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးအရည် အသွေးပြည့်မီစေရေး၊ လမ်းပုခုံးများစနစ်တကျဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု အောက်ချောင်းကျေးရွာရှိ မိုးစပါးဧက ၁၀၀၊ တင်း၁၀၀စံပြကွက်သို့သွားရောက်၍ စပါးခွံမြေဆွေးထုတ်လုပ်ထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီးဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့်မိုးစပါးမျိုးသန့်စိုက်ခင်းများတွင် ပေါင်းနှင့်မျိုးကွဲ စုပေါင်းနှုတ်ပယ်ပွဲတက်ရောက်၍ တောင်သူများထံ ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကာ  စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး၊ ဖြစ်ထွန်းအောင်မြင်စေရေးကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး မိုးစပါးမျိုးသန့်စိုက်ခင်းများတွင် ပေါင်းနှင့်မျိုးကွဲ စုပေါင်းနှုတ်ပယ်နေမှုများကြည့်ရှုအားပေးခဲ့ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများပိုမိုအသုံးပြုစေရေးမှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ ဦးမြင့်အောင်၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ဥစားကြက်မွေးမြူမှု၊ တိရစ္ဆာန်အစာထုပ်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ဥစားကြက်မွေးမြူမှု၊ ကြက်ဥထုတ်လုပ်ရောင်းချမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူထုတ်လုပ်မှုစာရင်းဇယားများစနစ်တကျမှတ်သားဆောင်ရွက်စေရေး၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး တိရစ္ဆာန်ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)သို့သွားရောက်၍ ဘိုင်အိုစူပရင်းဇီဝသဘာဝမြေသြဇာအသုံးပြုထားသော ပေါ်ဆန်းရင်စပါးစမ်းသပ်ကွက်၊ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန်အတွက်စမ်းသပ်ကွက်၊ ဆည်ရေသောက်မျိုးစပါးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်၊  စားသုံးမှုကောင်း၊ အထွက်နှုန်းကောင်း မိုးရေသောက်လယ်စပါးမျိုးများစမ်းသပ်ကွက်နှင့် စပါးမျိုးသစ်မွေးမြူခြင်း၊ မျိုးကူးစပ်ခြင်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသ နှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များထွက်ပေါ်လာစေရေး၊ တောင်သူများထံ အထွက်တိုးစပါးမျိုးများ၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြန့်ဝေပေးနိုင်ရေးနှင့် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးအသိပညာပေးလုပ်ငန်းများပိုမိုဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

10-Oct-2022