ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင့်လေ့ကျင့်မှုများကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏စခန်းသွင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပါသည်။

ဦးစွာ မြို့တော်ခန်းမတွင်လေ့ကျင့်နေကြသည့် အကအဖွဲ့များ၏ လေ့ကျင့်ကပြမှု၊ ပုသိမ်တက္ကသိုလ် ဝင်းအတွင်းတွင် ရာမာယဏဇာတ်တော်ကြီးအကအဖွဲ့နှင့် အဆို၊ အက၊ အရေး၊အတီးအဖွဲ့များ၏ သီဆို၊တီးမှုတ်၊ အကလေ့ကျင့်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အောင်မြင်မှုများရရှိစေရေးကြိုးစားကြရန်၊ ကျန်းမာရေးဂရုပြုကြရန်မှာကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ထမင်းစားဆောင်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အစားအစာများသန့်ရှင်းလက်ဆက်မှုရှိစေရေး၊ အာဟာရညီညွှတ်မျှတမှုစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

21-Sep-2022