ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်‌ အရေးပေါ် တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၂)အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၂)အား ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်‌အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များနှင့် ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌများက  video confrencing စနစ်ဖြင့်တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်‌အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက “ကိုဗစ်-၁၉ရောဂါ ပြန်လည်တွေ့ရှိလာသည့်အတွက် ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသက်တမ်းမကုန်မီ အချိန်မီထိုးနှံပြီးစီးစေရေး အလေးထားဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံခြင်းများဆောင်ရွက်ပေးသည့်အပြင် Booster dose ထပ်ဆောင်းကာကွယ်ဆေး၊ Additional booster dose အပိုထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကိုဗစ်-၁၉ရောဂါပိုးသည် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများနှင့် ထပ်ဆောင်းအပိုကာကွယ်ဆေးထိုးနှံပြီးသူများတွင်ကူးစက်မှုနည်းပါးသည်ကိုတွေ့ရှိရ၍ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မပြက်ဆက်လက်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ကိုဗစ်-၁‌၉ရောဂါဖြစ်ပွားမှု၊ကုသမှုနှင့်ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား ကော်မတီဝင်များကသုံးသပ်ဆွေးနွေးပေးလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက  တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအလိုက် ရောဂါပိုးတွေ့ရှိမှုအခြေအနေများ၊ဆေးရုံများ၌ ကုသပေးနေမှုအခြေအနေများနှင့်ကာကွယ်ဆေးများထိုးနှံပြီးစီးမှုအခြေအနေများအားဆွေးနွေးတင်ပြသည်။ယင်းနောက် ခရိုင်ကိုဗစ်-၁‌၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌများနှင့် ကော်မတီအဖွဲ့များဝင်များ၏အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

20-Sep-2022