ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲတက်ရောက်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကိုထည့်သွင်းဆောင်ရွက်သွားနိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆင့်ပွားအသိပညာပေးနိုင်စေဖို့ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မိုးရာသီကာလများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ ကမ်းပါးပြိုကျခြင်းစသည့် ဘေးအန္တရာယ်များ အနည်းနှင့်အများ ကြုံတွေ့ရလေ့ရှိပါကြောင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ အသိပညာပေးလုပ်ငန်းများအပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုလျေ့နည်းသက်သာစေရေး  စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့သဘာဝဘေးဖြစ်စဉ်များကိုလေ့လာကြည့်ပါက ကမ္ဘာတစ်ဝန်းလုံးတွင်သဘာဝဘေးအန္တရာယ်ကျရောက်မှုအကြိမ်အရေအတွက် စိတ်လာပြီး ဖျက်စီးမှုစွမ်းအားများလည်းပိုမိုမြင့်မားလာတာကိုတွေ့ရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးဖြစ်ပွားသည့်အကြောင်းအရင်းတွေကတော့ ရာသီဥတုပြောင်းလဲလာမှု၊ လူဦးရေတိုးပွားလာမှုနှင့် နေထိုင်မှုပုံစံပြောင်းလဲလာမှုတို့ကြောင့်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့်မွေးမြူရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတများကဏ္ဍ၊ စွမ်းအင်၊သယ်ယူပို့ဆောင်ရေးနှင့်စက်မှုကဏ္ဍ၊ မြို့ကြီးများ၊မြို့နယ်များနှင့်လူသားတို့အခြေချနေထိုင်မှုများကဏ္ဍ၊ ရာသီဥတုအန္တရာယ်နှင့် ကျန်းမာရေးကဏ္ဍ၊ ပညားရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ထိခိုက်သက်ရောက်မှုများစွာရှိသည်ကို လေ့လာချက်များအရ သိရှိရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများလျော့နည်းနိုင်သမျှ လျော့နည်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရးပေါ်တုံ့ပြန်မှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများတိုးပွားစေရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်ဆောင်ရွက်ကြရန်နှင့် သင်တန်းသူသင်တန်းများအနေဖြင့် သင်တန်းမှပို့ချမှုများအားစနစ်တကျလေ့လာမှတ်သားကြပြီး မိမိတို့ဒေသ၊ဌာနဆိုင်ရာများတွင် အကျိုးရှိစွာ ပြန်လည်မျှဝေဆောင်ရွက်ပေးကြကာ သဘာဝဘေး အန္တရာယ်များအား ကူညီကာကွယ်ဆောင်ရွက်နိုင်ပါစေကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်လှစ်မှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ သင်တန်းသားသင်တန်းသူများနှင့်မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂)ကို ယခုလ ၂၀ ရက်နေ့မှ ၂၄ရက်နေ့အထိ ၅ ရက်ကြာဖွင့်လှစ်သင်ကြားသွား မှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၅၀ ဦးတက်ရောက်လျက်ရှိပါသည်။

20-Sep-2022