၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌  ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး လူသားများနှင့်ကမ္ဘာပေါ် ရှိသက်ရှိများကို ကောင်းမွန်သောအိုဇုန်းလွှာဖြင့်ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ အိုဇုန်းလွှာပျက်စီးမှုမရှိသောကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ဒြပ်ပစ္စည်းများအစားထိုးအသုံးပြုခြင်းဖြင့် ပိုမိုအေးမြသည့်ကမ္ဘာကြီးဖြစ်လာစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများဆိုင်ရာမွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကိုထပ်မံ ချုပ်ဆိုနိုင်ခဲ့ကာ စာချုပ်ပါအချက်များအားပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြ၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၈နိုင်ငံ လက်မှတ်ရေးထိုးကာ စာချုပ်ပါကတိကဝတ်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ၂၀၀၈ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၁၈ခုနှစ်တွင်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ကာ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများအနေဖြင့်နှစ်စဉ် စက်တင်ဘာလ၁၆ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ "Montreal Protocol @35: global cooperation protecting life on earth" ၃၅နှစ်တာမွန်ထရီရယ်အောင်မြင်မှုခရီး သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်းပူးပေါင်းဆောင်ရွက်စို့ ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုပေါ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိပုံနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယင်းသဘောတူစာချုပ်ပေါ်တွင်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ ကမ္ဘာပေါ်ရှိနိုင်ငံများလက်ရှိကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကမ္ဘာမြေပေါ်ရှိသက်ရှိများကိုကာကွယ်နိုင်ရန်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးစေရန်လိုအပ်ကြောင်း အသိအမှတ်ပြုစေလိုခြင်းဖြစ်ပါကြောင်းနှင့် လူသားများနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကိုကောင်းမွန်သောအိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ ကမ္ဘာ့လေထုလွှာအတွင်းအိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများမရောက်ရှိစေရန်နှင့် ကောင်းမွန်သာယာလှပပြီး သန့်ရှင်းသည့်ကမ္ဘာကြီးကိုပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်များအားလက်ဆင့်ကမ်းပေးနိုင်စေရန်အတွက် တက်ရောက်လာသူများအနေဖြင့်တစ်ဦးတစ်ယောက်ခြင်းအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများဖြင့်သော်လည်းကောင်း သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့်အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံမှ ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ထို့နောက် ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အထိမ်းအမှတ်မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်ပြသထားသောပြခန်းများကိုလှည့်လှည်ကြည့်ရှုခဲ့ကြပါသည်။

19-Sep-2022