ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ကျုံပျော်ခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျုံပျော်ခရိုင်အသင်းမှ ၂ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ 

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် လပွတ္တာခရိုင်အသင်းမှအားကစားသမားတစ်ဦးချင်းအား တိုင်းဒေသကြီးဥပဒေချုပ်မှလည်းကောင်း၊ ဒု တိယဆုရရှိသည့် မအူပင်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးအားကစားသမား(၅)ဦးအား သယံဇာတရေးရာဝန်ကြီးမှလည်းကောင်းတစ်ဦးချင်းဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တတိယဆုဖလားကို စီးပွားရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရှိသည့် မအူပင်ခရိုင်အသင်းအား ဒုတိယဆုဖလားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ မှဆုဖလားချီးမြှင့်ခဲ့ကြကာ  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား ပထမဆုဖလားနှင့် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

12-Sep-2022