ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျောင်းကုန်းမြို့နယ်၊ မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်၊ ဇရပ်ကွင်းကျေးရွာအုပ်စု မျိုးစပါးသစ် စမ်းသပ်ကွက် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာ၊ ဦးစစ်ငြိမ်း၏ လယ်မြေ(၄) ဧကတွင် ဧရာဝတီတိုင်းဒေသကြီး ၂၀၂၂ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲတက်ရောက်၍ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် (၁)ဧက အခြောက်အထွက်နှုန်း ၉၃. ၄၇ တင်းထွက်ရှိမှုကိုကြည့်ရှုအားပေးပါသည်။

ဆက်လက်၍ ဇရပ်ကွင်းကျေးရွာအုပ်စု၊ စာဖြူစုရွာတွင် မုန်းသီတာကုမ္ပဏီနှင့် Contract Farming စနစ်ဖြင့် ဧက(၅၀၀)မျိုးစေ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး စပါးမျိုးသစ် စမ်းသပ်ကွက်ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာများတိုးချဲ့သုံးစွဲစေရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲစေရေးမှာကြားခဲ့ပါသည်။

10-Sep-2022