နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ် ရပ်ကွက်၊ အကွက်အမှတ် (၁) ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင်၊ (၁၀၀ပေ×၆၀ပေ×၃၆ပေ) လူထုဗဟိုပြုဌာန (Community Centre) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ညတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်ကျရောက်ချိန်တွင်သတ်မှတ်နေရာများ၌ မင်္ဂလာပန္နက်တိုင်များစိုက်ထူပေးခဲ့ပြီးအမွှေးနံ့သာရည်များဖြန်းပတ်ပေးခဲ့ကြပါသည်။ ထို့နောက် လူထုအခြေပြုဗဟိုဌာန(Community Centre) ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က တိုင်းဒေသကြီးအကျိုးပိုမိုသယ်ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များပိုမိုမွေးထုတ်ပေးနိုင်မယ့် လူထုအခြေပြုဗဟိုဌာနကို တိုင်းဒေသကြီးတွင် တည်ဆောက်နိုင်ရေး  တည်ဆောက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနဆိုသည်မှာ ပြည်သူလူထုကစိတ်ဝင်စားသော၊ အကူအညီတောင်းခံနိုင်သော၊ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သော၊ အသိပညာဗဟုသုတများဆည်းပူးဖလှယ်နိုင်သော၊ ဒေသအတွက်အကျိုးရှိရာရှိကြောင်းဆွေးနွေးနိုင်ရန်သတင်းအချက်အလက်များရယူနိုင်သော၊ ပြည်သူများအပန်းဖြေရန်နှင့်အသိပညာဗဟုသုတများတည်ရှိရာနေရာဖြစ်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်၊ အစည်းအဝေးခန်းမ၊သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ အားကစားခန်းစသည့် ကဏ္ဍစုံပါဝင်ပါသဖြင့် ဒေသခံပြည်များအတွက် များစွာအကျိုးရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန သတ်မှတ်အရည်အသွေးများပြည့်မီစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့်ပိုမိုတိုးတက်ဖွံံ့ဖြိုးစေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်  လူထုအခြေပြုဗဟိုဌာန(Community Centre)တည်ဆောက်နိုင်ရေးအဘက်ဘက်မှ ကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်ဒေသကိုအခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်နိုင်ငံတော်တာဝန်များသယ်ပိုးဆောင်ရွက်ပေးနေသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် လူထုအခြေပြုဗဟိုဌာန(Community Centre) တည်ဆောက်ပြီးစီးပါက ဒေသအတွက် စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ကျန်းမာရေးစသည့် အသိပညာဗဟုသုတများကို ရှာဖွေလေ့လာနိုင်ပြီး အတွေ့အကြုံဗဟုသုများကိုဆွေးနွေးဖလှယ်နိုင်မှာဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းကောင်းများအဖြေရှာဆောင်ရွက်နိုင်ကြမှာဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးနှင့် ဒေသအတွက်အမှန်တကယ်အကျိုးရှိသည်ဖြစ်၍ အရည်အသွးပြည့်မီကောင်းမွန်သည့် အဆောက်အဦဖြစ်စေရေး၊လုပ်ငန်းများမြန်ဆန်စွာအကောင်အထည်ဖော်လည်ပတ်နိုင်စေရေးနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၏ ကျက်သရေဆောင် လူထု အခြေပြုဗဟိုဌာန(Community Centre)ဖြစ်စေရေးအားလုံးကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များ၏ ကပြမှုများကိုကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပါသည်။ 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းတို့သည် ဓနုဖြူမြို့နယ်၊နန်းတော်ကုန်းကျေးရွာ၊ ဘက်စုံအဆင်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ ဧက၁၀၀စံပြကွက်သို့သွားရောက်၍ စိုက်ပျိိုးရေးဦးစီးဌာနမှ အဆင်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ ဧက၁၀၀စံပြကွက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် ဗဟိုဒေသသုတေသနဗဟို(မြောင်းမြ)တာဝန်ခံတို့မှ မျိုးသန့်မျိုးစပါးထုတ်လုပ်မှု၊ စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ စမ်းသပ်ယှဉ်ပြိုင်ကွက်များဆောင်ရွက်ထားရှိမှုနှင့် သုတေသနပြုလုပ်ငန်းများဆောင်ရွက်ထားရှိမှုများရှင်းလင်းတင်ပြခဲ့ရာ မျိုး၊မြေ၊ရေ၊နည်း မှန်ကန်စွာအသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းအသုံးပြုမှုများ ပိုမိုဆောင်ရွက်စေရေး၊ တောင်သူအသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေရေးနှင့် သုတေသနပြုလုပ်ငန်းများပိုမိုကောင်းမွန်အောင်ဆောင်ရွက်၍ တောင်သူများထံချပြဆွေးနွေးစေရေးမှာကြားခဲ့ကာ တောင်သူများနှင့်ရင်းရင်းတွေ့ဆုံခဲ့ပါသည်။ 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းတို့သည် ပန်းတနော်မြို့နယ်ရှိ စူပရင်းဘိုင်အိုတတ်(Supreme BioTech) ဇီဝမြေသြဇာစက်ရုံအမှတ်(၁) ပသွယ်သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိန်မြင့်နှင့် Dy. CEO ဦးထူးထူးအောင် တို့မှ စူပရင်း ဘိုင်အိုတတ်(Supreme BioTech) ၏ ဦးတည်ချက် များ၊ ဘိုင်အိုစူပရင်းဇီဝမြေသြဇာ အကြောင်းအရာအချက်အလက်များ၊ ဇီဝမြေသြဇာထုတ်လုပ်မှုအဆင့်ဆင့်နှင့် ရှေ့ဆက်ဆောင်ရွက်မည််လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးစပါး၊နွေစပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးမှုအခြေအနေများနှင့်ဓါတ်​မြေသြဇာနှင့်ဇီ၀​မြေသြဇာ၊သဘာ၀​မြေသြဇာ၊ ရွက်စိမ်း​မြေသြဇာသုံးစွဲမှုအခြေအနေများကိုဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီးနောက် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ စူပရင်း ဘိုင်အိုတတ်(Supreme BioTech) ဇီဝမြေသြဇာစက်ရုံအမှတ်(၁) ပသွယ်သည် လစဉ်ဇီဝမြေသြဇာ ၅၀ ကီလိုဂရမ် (၂၀၀၀၀)အိတ်(မက်ထရစ်တန်၁၀၀၀) ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

10-Sep-2022