ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၃/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း၌ ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများအ‌နေဖြင့် ရင်းနှီးမြှုပ်နှံမှုများလာရောက်လုပ်ကိုင်လျှက်ရှိသောကြောင့် နိုင်ငံတော်အ တွက်ဝင်ငွေများရရှိသည့်အပြင်တိုင်းဒေသကြီးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး တစ်ဦးချင်းဝင်ငွေများပိုမိုရရှိလာပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ပ်ရုံများမှ အလုပ်အကိုင်ရှာဖွေပေးနိုင်မှုမှာ လူဦးရေ ၃ သောင်းခွဲခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သောတိုင်းဒေသကြီးဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများလည်းများစွာရှိနေပြီး မူဘောင်အတွင်းမှ ဖော်ဆောင်သွားရန်လည်းလိုအပ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်ထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် စက်ရုံ၊ အလုပ်ရုံများထူထောင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက်   တိုင်းဒေသကြီးအတွင်း၌ ဆန်စပါးလုပ်ငန်းများ၊ ငါး၊ ပုဇွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်း များ၊ အထည်ချုပ်လုပ်ငန်းများအပြင် အခြားလုပ်ငန်းများကိုလည်းပိုမိုတိုးချဲ့ရင်းနှီးမြှုပ်နှံမှုများဆက်လက်ပြုလုပ်သွားရမှာဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Htoo Htet Han Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဝက်မွေးမြူရေးလုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြု လျှောက်ထားလွှာတင်ပြလာခြင်းကိစ္စနှင့် King'Food Company Limited၏ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်ကြာဆံအမျိုးမျိုးနှင့် ဆန်မှုန့်ကဲ့သို့ ဆန်ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊ Chia Moon Sports(Myanmar)Co.,Ltdမှ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းအား တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြု လျှောက်ထားလွှာတင်ပြလာခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏အထွေထွေ ဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏လျှောက်ထားတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

03-Aug-2022