ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် မြန်အောင်ခရိုင်အတွင်းဒေသဖွံ့ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မိုးရာသီ နေကြာမျိုးစေ့ ဧက(၃၀၀၀)စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှတောင်သူများ၏ ဆင်းရွှေကြာ(၂)နေကြာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပါသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊ပိန္နဲကုန်းကျေးရွာအုပ်စု၊ ကဒတ်ကုန်းကျေးရွာရှိ နေကြာစိုက် တောင်သူ ၄ ဦး၏ ဧက ၈၀ ( ဆင်းရွှေကြာ-၂) မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများကိုကြည့်ရှုအားပေးပါသည်။ ထို့နောက် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာ တောင်သူဦးကြည်ညွန့်၊ ဦးတင်ဝင်း၏ ယာမြေဧက ၁၀ ဧက၌ (ဆင်းရွှေကြာ-၂)မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပါသည်။

အလားတူ မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု၊ အလယ်ကုန်းကျေးရွာရှိတောင်သူ ကျော်ထွန်းအောင်၏ ယာမြေ ၅ ဧကနှင့် ကန်ဇွန်းကုန်ကျေးရွာ၊ ဦးစိန်ကြည်ပါ(၂)ဦးတို့၏ ယာမြေ(၅) ဧက မိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများကြည့်ရှုအားပေးခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးနေကြာဖြစ်ထွန်းအောင်မြင်စေရေး ပေါင်းမြတ်ရှင်းလင်းခြင်းလုပ်ငန်းများ၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ နေကြာပန်းပွင့်ချိန်ဝတ်မှုန်ကူးချိန်ဖြစ်၍ ပိုမိုအလေးထားဆောင်ရွက်ရန် စိုက်ခင်းများကို ကောင်း၊သင့်၊ ညံ့ခွဲခြား၍ မှတ်တမ်းရေးသွင်းပြီး အထွက်နှုန်းပြည့်မီစေရေးပြုစုထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကာနေကြာစိုက်တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်းဆွေးနွေးပြီးသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ မိုးနေကြာမျိုးစေ့ထုတ်ဧက ၃၀၀၀မှ ထွက်ရှိသည့် နေကြာမျိုးစေ့များဖြင့် ဆောင်းနေကြာ ဧက ၂၂၀၀၀၀ကျော်စိုက်ပျိုးသွားမှာဖြစ်ကြောင်းသိရှိရသည်။

25-Jul-2022