ပုသိမ်တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး၊ မြို့သန့်ရှင်းသာယာရေး လှည့်လည်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ  ပုသိမ်တက္ကသိုလ်ဝင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူလူထုများနှင့် နယ်မြေခံ တပ်ရင်း တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃၀၀ကျော်ဖြင့်  ပုသိမ်တက္ကသိုလ် မိန်းလမ်းမတလျှောက် လမ်းဘေးဝဲယာ၊ လမ်းလယ်ကျွန်းများရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းအလှပင်များ ညီညာစွာရိတ်ဖြတ်ခြင်းများစသည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊  ပန်းအလှပင်များ၊ အရိပ်ရအပင်များစနစ်တကျ စိုက်ပျိုးရန်နှင့်ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများအား အပတ်စဉ် အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ပြီး အဝေးသင်တက္ကသိုလ် ဓာတုဗေဒဘာသာရပ်၊ ပထမနှစ်၊ ဒုတိယနှစ် နှင့် တတိယနှစ် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ပါသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မဉ္ဇူလမ်း၊ အောင်သုခလမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်သို့ ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ရေစီးရေလာကောင်းမွန်စေရေးအတွက်ရေမြောင်းများအတွင်း ခြုံနွယ်များရှင်းလင်းရန်နှင့် အမှိုက်များစွန့်ပစ်မှုမရှိစေရေး အလေးထားကြပ်မက်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကမ်းနားလမ်းတစ်လျောက်မြို့သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။ အလားတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် မြို့၊ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပစေရေးစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများမှ အပတ်စဉ် စနေနေ့တိုင်း စဉ်ဆက်မပြက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

16-Jul-2022