တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဝါးခယ်မမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်  ဝါးခယ်မမြို့နယ်၊ သဲကုန်း/ ကြာဖြူကျေးရွာ၊ တောင်သူဦးရွှေပွား၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာနမှဆောက်ရွက်သည့် ပျိုးဗန်းဖြင့်ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများကိုပန်းတိုင်အထွက်နှုန်းများရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကိုအချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင်ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး   တစ်ဧက တင်း၁၀၀ထွက်ရှိရေး ဧက၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့သည်။

ထို့နောက်  ပျိုးဗန်းဖြင့်ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူသင်တန်းများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာသို့ပြောင်းလဲဆောင်ရွက်လျက်ရှိရာ စက်ပစ္စည်းကိရိယာများပြုပြင်ဆောင်ရွက်ခြင်း၊ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုခြင်းသည်လွန်စွာအရေးပါပါကြောင်း၊ ဆရာ၊ဆရာမများ၏ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာမှတ်သားပြီး လက်တွေ့လုပ်ငန်းခွင်တွင်ပြန်လည်အသုံးချနိုင်ရေး၊ အဆင််မြင့်ပညာများဆက်လက်သင်ကြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားထားရသည့် စက်မှုလက်မှုပညာရှင်များဖြစ်ကြစေရေးကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ်  သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

10-Jul-2022