ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီသည် Parami Energy Group Co.,Ltd တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီသည်  (၁.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Parami Energy Group Co.,Ltd တာဝန်ရှိသူများမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုအား လက်ခံတွေ့ဆုံခဲ့ပါသည်။

01-Mar-2017