ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိ အောင်စင်္ကြာစေတီစိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရွှေထီးတော်တင်လှူပွဲအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် ဇနီးဒေါ်ခင်ဌေးမြင့်တို့သည် ၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နံနက်(၀၇၁၅)နာရီအချိန်တွင် အနောက်တောင်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်တူ ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိ အောင်စင်္ကြာစေတီစိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရွှေထီးတော်တင်လှူပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

ဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ပြီး အခမ်းအနားအား ဖွင့်လှစ်ကာ ကျုံပျော်မြို့နယ်၊ ဘုရားကြီးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည်များကို သံဃာတော်များအား ဆက်ကပ်ပြီး ဆရာတော်ကြီးများမှ ပရိတ်တော်များရွတ်ဖတ်သရဇ္စျယ် ချီးမြှင့်ပေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဃာတော်များအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး စေတီတော်အား လှည့်လည်ပူဇော်ကာ စေတီတော်အထွဋ်သို့ လက်ဆင့်ကမ်းတင်လှူ ပူဇော်ခဲ့သည်။ ထို့နောက် အမျှပေးဝေကာ ရွှေမိုးငွေမိုးများရွာသွန်းခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

20-Jun-2016